Staff Testimonials
Haven HR team believes in “Work hard, Play hard culture”.
Our non-discrimination HR policy at workplace
We strictly adhere our utmost non-discrimination HR policy throughout our entire HR process from recruitment, selection, employment, performance appraisal, promotion, termination, etc to ensure that all our employees and potential candidates are fairly treated based on their education, skillsets, work experience, etc regardless of gender, religion, skin colour, disability, etc.

U Nan Win SanPurchasing department | Since Jun 2016
Assistant Purchaser
Biographyကျွန်တော်ကတော့ “Jun 2016 မှစတင်ကာ Assistant purchaser ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ဆောက်လုပ်ရေးနှင့်ပက်သက်သည့်အသိပညာ အတတ်ပညာဗဟုသုတများကို ကျွန်တော်၏အထက် အရာရှိများဖြစ်သည့် MD နှင့် ED မှသင်ကြားပေးပြီး ကျွန်တော်အနေဖြင့်လည်း ဆောက်လုပ်ရေး ပညာရပ်များ ကိုလည်း တစေ့တစောင်း လေ့လာခွင့် ရရှိခဲ့ပါသည်။
မိမိအသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု ကို ကုမ္ပဏီမှ မိသားစုကဲ့သို့ သင်ကြား ပေးသည့်အတွက်လွန်စွာ ကျေးဇူးတင်မိပါသည်။ကုမ္ပဏီမှာ ရေရှည်လုပ်ကိုင်ခြင်း ကြောင့် ကုမ္ပဏီမှ ပေးသော (3)နှစ်ပြည့်လုပ်သက်ရှည်ဆု Long Service Award နှင့် ကုမ္ပဏီမှ ဝန်ထမ်းများနှင့် စည်းစည်းလုံးလုံးညီညီ ညွှတ်ညွှတ်လုပ်ကိုင်နိုင်ခြင်းကြောင့် Good Teamwork Award ဆုကိုလည်းရရှိခဲ့ပြီးဖြစ်ပါသည်။
Haven Group of Companies တွင်ရှိသော ဝန်ထမ်းများ၏တဦးနှင့်တစ်ဦးရိုင်းပင်းကူညီတတ်တဲ့စိတ်ဓါတ်ရှိခြင်းနှင့် နွေးထွေးမှုရှိခြင်း တို့ကြောင့် အလုပ်လုပ်ရာမှာ ပျော်ရွှင်မှု များကိုရရှိခံစားရပြီး MD / ED ၏ ဆိုဆုံးမ ပြောဆိုမှုများနှင့် နည်းပြပေး မှုတို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုနှင့် တိုးတက်မှုများကို ရရှိရခြင်း ကြောင့် Haven Group of Companies တွင် ရေရှည်လုပ်ကိုင်သွားမည်ဖြစ်ပါသည်။

Daw Pan Htwar Aye NaingF & A department, Since Dec 2016
Accountant
Biographyကျွန်မ ကတော့ Dec 2016 မှ စတင်ကာ Cashier ရာထူးဖြင့် အလုပ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုအခါ
မှာတော့ Accountant ရာထူး အထိ အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းခံထားရတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။
Haven Group of Companies ၏ (Best Employee of the Year 2019) ဆု ဖြစ်တဲ့ ရွှေသားအစစ် ( ရွှေတစ်ကျပ်သား)ဆုကို 360 ဒီဂရီ အထက်အောက် အမှတ်ပေး စည်းမျဉ်းများနှင့်အတူ ဒီဆုကို ရရှိ ခဲ့ခြင်းဖြစ်ပါသည်။ ကုမ္ပဏီ တွင် အလုပ်လုပ်လာသည့် ကာလတလျှောက် မိမိ၏ ရိုးသားကြိုးစားမှု ကိုကုမ္ပဏီမှ အသိအမှတ်ပြုခြင်းကြောင့် ဆုရခြင်းထက်ပိုပြီး အတိုင်းထက် အလွန် ဝမ်းသာမိပါသည်။Haven ကုမ္ပဏီ မှာရှိ သည် ဝန်ထမ်းများ မှစပြီး Director အထိ အားလုံးက မိသားစု စိတ်ဓါတ်ရှိခြင်းတို့ ကြောင့် လုံခြုံ နွေးထွေးပြီး
ပျော်ရွှင်စရာကောင်းပါသည်။ MD & ED ကိုယ်တိုင် မိမိ မသိနားမလည်သည်များကို အသေး စိတ်သင်ပြပေးပြီး
လိုအပ်သည့် သင်တန်းများကိုလည်း တက်နိုင်ရန် တိုက်တွန်း အားပေးမှုများရှိခြင်း ကြောင့် ဒီနေ့ဒီချိန်မှာမိမိ ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိလာခြင်းဖြစ်ပါသည်။ Company မှ ချမှတ်ထားတဲ့ System များကလည်း ဝန်ထမ်းတိုင်းအတွက် နည်းယူ ၊ အတုယူဖွယ်ကောင်းပြီး ဒီ Haven Company မှာ
အလုပ်လုပ်နေသည့်ကာလ အတွင်း မိမိအတွက် မတူညီသည့် အတွေ့အကြုံအသစ်များ အမြဲတမ်း ရနေခြင်း
တို့ကြောင့် ပိုမိုကောင်းမွန်သည့် တိုးတက်မှုများစဉ်ဆက်မပျက် ရနေမည်ဟုယုံကြည်မိပါသည်။ကုမ္ပဏီ မှ MD & ED ၏ သွန်သင်ဆုံးမ မှုများ ကို ခံယူပြီး မိမိဘ၀ တိုးတက်အောင်မြင်စေ သော Haven Group of Companies တွင် ရေရှည် လက်တွဲ လုပ်ကိုင်မည်ဟုခံယူချက် ထားပါသည်။

U Han Zin HtunPMO department | Since Feb 2018
Assistant construction Manager
Biographyကျွန်တော်ကတော့ Feb 2018 မှ စတင်ကာ Site Engineer ရာထူးဖြင့် စတင်ဝင်ရောက်လာခဲ့ပြီး ယခုအခါ Assistant Construction Manager ရာထူးအထိ အဆင့်ဆင့်တိုးမြှင့်ခြင်းခံရသည့် ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။Haven Group of Companies ၏ စွမ်းဆောင်ရည် ထူးချွန်ထက်မြက်သော Good Performer ဆုကိုလည်း ရရှိခဲ့ပါသည်။ကျွန်တော် အနေဖြင့် Haven Company ဟာဆိုလိုရှိရင် Construction Company ဖြစ်သည့်အလျောက် Quality နှင့် Safety ပိုင်းကို အထူးဦးစားပေးသော ကြောင့် Company ၏ခံယူချက်ကို လည်း ကြိုက်နှစ်သက်ရပါသည်။Techniques ပိုင်းဆိုင်ရာများနှင့် Construction Management များအားလည်း သင်ယူခွင့်ရခြင်းများကြောင့် မိမိ၏ ဘာသာရပ် ပိုင်းဆိုင်ရာများနှင့် ပက်သက်ပြီး အသိပညာ၊ဗဟုသုတများတိုးတက်လာခြင်းများကိုလည်းရရှိစေပါသည်။ မိမိကြိုးစားမှုနှင့် အရည်အချင်း
များပေါ်မှုတည်ပြီး နှစ်စဉ် October လတိုင်းတွင် Promotion နှင့် Salary increment များတိုးပေးခြင်း၊ ဝန်ထမ်းများပျော်ရွှင်စေရန် Staff Party များပြုလုပ်ပေးခြင်း၊ နှစ်စဉ် April လတိုင်းတွင်လည်း Promotion နှင့် Bonus ပေးခြင်း အစီအစဉ်များပြုလုပ်ပေးခြင်းတို့ကြောင့် ဝန်ထမ်းတိုင်းအတွက် စိတ်ကျေနပ်မှု များစွာ ရရှိစေပြီး ပျော်ရွှင်ရပါသည်။ထို့ကြောင့် Haven Group of Companies တွင် ရေရှည် လက်တွဲလုပ်ကိုင်မည် ခံယူထားပါသည်။

U Saw HonestAdmin & CEM department | Since Sep 2014
Biographyကျွန်တော်ကတော့ Haven Group of Companies မှာ driver ရာထူးဖြင့်လက်တွဲ အလုပ်လုပ်လာခဲ့တာ အခုဆိုရင်(၆)နှစ်ကျော် ကာလ ကိုရောက်ရှိခဲပြီး ဖြစ်ပါသည်။ကုမ္ပဏီနှင့် ရေရှည်လက်တွဲလုပ်ကိုင်ခြင်းကြောင့် ကုမ္ပဏီမှပေးသော(၅)နှစ်ပြည့်လုပ်သက်ရှည်ဆု Long Service Award ဆုကိုလည်း ရရှိခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော် ကုမ္ပဏီသို့ ရောက်စဉ်က ကုမ္ပဏီ ကားဆရာအနေဖြင့် Light Truck လေးကို စတင် မောင်းခဲ့ရပါသည်။
ကုမ္ပဏီ မှ ကျွန်တော်အား မိသားစုလို့ ဆက်ဆံပေးပြီး ကားမောင်းကျွမ်းကျင်အောင် သင်ကြားပေးခြင်း တို့ကြောင့် 14’ ကားကြီးအထိ ကျွမ်းကျွမ်း ကျင်ကျင် မောင်း နိုင်လာခဲ့ ပါသည်။ ထို့နောက်ကုမ္ပဏီ ၏ ပိုင်ရှင် MD ကား အားမောင်းဖို့လိုအပ်လာတဲ့ အချိန်မှာတော့ ကျွန်တော် အနေဖြင့် မောင်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။ကျွန်တော်က နယ်မှလာတာဖြစ်သောကြောင့်ကုမ္ပဏီမှာဘဲနေထိုင်ပြီး MD နှင့် သွားအတူ လာအတူ စားအတူ နေထိုင်ရ တာ ဖြစ်ခြင်းကြောင့် မိသားစု လို့နွေးထွေး ခြင်း များကိုအပြည့်အဝရရှိပြီးအလုပ်လုပ်ကိုင်ရသည်မှာ ပျော်ရွှင်ရပါသည်။
ကျွန်တော်အနေဖြင့်နယ်ပြန်ပြီးကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ရည်ရွယ်ချက်ရှိပါသည်။ထို့ရည်ရွယ်ချက်ပြည့်မြောက် အောင်ကိုယ်ပိုင်အလုပ်လုပ်ဖို့ကိုလည်း ကျွန်တော်ဆရာMD မှ လည်း စေတနာထားပြီး လမ်းညွှန်ဆုံးမပါသည်။ ထို့ကြောင့် ကျွန်တော် ၏ကိုယ်ပိုင် လုပ်ငန်းမစခင်အချိန်ထိ နယ်မပြန်မချင်း ဒီ Haven Group of Companies မှာ ဘဲ ဆက်လက်လုပ်ကိုင် ရန်ဆန္ဒရှိပါသည်။
U Tin Phyo AungAdmin & CEM department | Since Nov 2015
Biographyကျွန်တော်ကတော့ Haven Group of Companies မှာ “Nov 2015 မှစတင်ကာ driver ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည်မှာ(၄)နှစ်ကျော်ကာလကို ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကုမ္ပဏီနှင့် ရေရှည်လက်တွဲ လုပ်ကိုင် ခြင်းကြောင့် ကုမ္ပဏီမှပေးသော (၃)နှစ်ပြည့်လုပ်သက်ရှည်ဆု Long Service Award နှင့် ဝန်ထမ်းများနှင့်စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်လုပ်ကိုင်နိုင်ခြင်းကြောင့် Good Teamwork Award ဆုကိုလည်း ရရှိခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်အလုပ်စတင်ဝင်ရောက်ချိန်တွင် Light Truck ကား အသေးကို မောင်းနှင်ရပြီးတော့ယခုအခါကားကြီးများ မောင်းနှင်နိုင်သည်အထိ မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ဖြင့်ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ပြီဖြစ်ပါသည်။ Supplierများ ၊ဂိုထောင်များနှင့် site အသီးသီးကို သွားလာရခြင်းကြောင့် လည်း လမ်းကြောင်းများ ပို၍ ကျွမ်းကျင်လာပြီ ဖြစ်ပါသည်။ထို့ကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှု နှင့် တိုးတက်မှုများကို ရရှိရခြင်းကြောင့် Haven Group of Companies တွင် ရေရှည်လက်တွဲလုပ်ကိုင်သွားမည် ဟုခံယူထားပါသည်။
Previous
Next
Haven HR team believes in “Work hard, Play hard culture”.
Our non-discrimination HR policy at workplace
We strictly adhere our utmost non-discrimination HR policy throughout our entire HR process from recruitment, selection, employment, performance appraisal, promotion, termination, etc to ensure that all our employees and potential candidates are fairly treated based on their education, skillsets, work experience, etc regardless of gender, religion, skin colour, disability, etc.